တောင်ငူမြို့၌ ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

 


တောင်ငူ မေ ၆

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၁)ရပ်ကွက် မိခင်ကလေးကျန်းမာရေးဌာန၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး ပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးပြီး ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ၊ ရပ်ကွက် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ အမှတ် (၁၁) ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.