တရုတ်နိုင်ငံ၌ သူနာပြုလုပ်သားအင်အား တိုးတက်လာ
ပေကျင်း မေ ၁၁
တရုတ်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မှတ်ပုံတင်ထားသော သူနာပြုဦးရေ
၂၉ ရာခိုင်နှုန်း တိုးတက်လာကြောင်းနှင့် ပြီးခဲ့သည့်နှစ်ကုန်တွင် စုစုပေါင်းသူနာပြု
အရေအတွက် ၆ ဒသမ ၀၆ သန်းကျော်ရှိခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က မေ ၁၁ ရက်တွင်
ပြောကြား ခဲ့သည်။ လူ ၁၀၀၀ လျှင် မှတ်ပုံတင်ထားသောသူနာပြုဦးရေသည် ၂၀၂၀ ပြည့်နှစ်တွင်
၃ ဒသမ ၃၄ ဦးမှ ၂၀၂၅ ခုနှစ်တွင် ၄ ဒသမ ၃၂ ဦးအထိ မြင့်တက်လာခဲ့သည်။
သူနာပြု ၉၀ ရာခိုင်နှုန်းကျော် တာဝန်ထမ်းဆောင်
ပြန်လည်ထူထောင်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ ကလေးအထူးကု၊ အထူးကြပ်မတ်ကုသ ရေးနှင့် ကူးစက်ရောဂါစောင့်ရှောက်မှုအပါအဝင်
လုပ်ငန်းကဏ္ဍများစွာတွင် အထူးလေ့ကျင့်ထား သည့် သူနာပြု ၉၀ ရာခိုင်နှုန်းကျော် တာဝန်ထမ်းဆောင်နေကြောင်း
၎င်းကော်မရှင်က ပြောကြား သည်။
နိုင်ငံတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၆၀၀၀ နီးပါးသည် မိခင်နှင့် ကလေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ နာတာရှည်ရောဂါစီမံခန့်ခွဲမှု၊
ပြန်လည်ထူထောင်ရေးဆိုင်ရာ လမ်းညွှန်မှုနှင့် နာတာရှည်လူနာစောင့်ရှောက်မှု အပါအဝင် အိမ်တွင်းအခြေပြု သူနာပြုဝန်ဆောင်မှု လုပ်ငန်း ၆၀ ကျော်ကို
ဝန်ဆောင်မှုပေးနေကြောင်း ကော်မရှင်က
ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments