လွိုင်ကော်မြို့၌ FDA ခွင့်ပြုချက်မရှိသော ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး စစ်ဆေး
လွိုင်ကော် မေ ၁၈
ကယားပြည်နယ် လွိုင်ကော်မြို့၌ ပြည်သူ့အတွက်
ရက်(၁၀၀) စီမံချက်ဖြင့် FDA ခွင့်ပြုချက်မရှိသော ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက်
ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌ MLV နယ်လှည့်ဓာတ်ခွဲယာဉ်ဖြင့်
မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး
ဦးအောင်မျိုးသိန်းက ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကိုသာ
ရောင်းချရန်၊ တရားမဝင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များအား ရောင်းချခြင်းမပြုရန်
အသိပညာပေးဆွေးနွေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးရဲမိုးဦးက
အစားအသောက်နမူနာများအား MLV နယ်လှည့်ဓာတ်ခွဲယာဉ်ဖြင့် ဓာတ်ခွဲစစ်ဆေးသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်
တာဝန်ရှိသူများက ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ၊ စားသောက်ကုန်များ၊ သောက်ရေသန့်လုပ်ငန်းများကို
စစ်ဆေးခဲ့ကြောင်း သိရသည်။
မေစု(ပြန်/ဆက်)

No comments