ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ   H.E. Mr. Alexander EGOROV  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 




နေပြည်တော်    မေ    ၂၈


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်းနှင့် ချေးငွေဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


တွေ့ဆုံပွဲအပြီးတွင် ဘယ်လာရုစ်နိုင်ငံ Belinvetbank မှ ကိုယ်စားလှယ်နှင့် မြန်မာ့စီးပွား ရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများက ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ (Banking  Arrangements) ကို    လက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။                              


သတင်းစဉ်

No comments

Powered by Blogger.