ပဲခူးမြို့၌ MSMEs အေဂျင်စီမှကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ



ပဲခူး မေ ၂၉

ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။


ထို့နောက် Machine City Co., Ltd. မှ ဦးရဲမြင့်ဦး၊ Greenovation Packaging Solution မှ ဦးသီဟနှင့် Metta Myae Co., Ltd. မှ စဝေဇင်အောင်တို့က ထုပ်ပိုးမှုဆိုင်ရာသိကောင်း စရာများနှင့် ကုန်အမှတ် တံဆိပ် တီထွင်ဖန်တီးမှုဆိုင်ရာ ဒီဇိုင်းများ ရေးဆွဲခြင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားရာ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ အရည်အသွေးပြည့်မီစွာ ထုပ်ပိုး နိုင်ရေးအတွက် ခင်းကျင်းပြသထားသည့် ထုပ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းများနှင့် ထုပ်ပိုးမှုနမူနာ ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.