ဂျပန်နိုင်ငံ ဟာနီဒါလေဆိပ်၌ Skymark လေကြောင်းလိုင်း ဂျက်လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်
မေ ၂၆
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်၌ Skymark လေကြောင်းလိုင်းမှ ခရီးသည်တင်ဂျက်လေယာဉ်တစ်စင်းသည် ယမန်နေ့က အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေယာဉ်ဘီး တာယာများအနက် တစ်ခုကွဲအက်သွားသည်ကို တွေ့ရှိခဲ့ရကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂျပန်လေကြောင်းလိုင်း၏ ပြောကြားချက်အရ တိုကျိုမှ နိုင်ငံအနောက်တောင်ပိုင်းရှိ ဖူကူအိုကာသို့ ဦးတည်ပျံသန်းနေသော ဘိုးအင်း ၇၃၇ လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ်အမှုထမ်းနှင့် ခရီးသည် ၁၆၉ ဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဖော်ပြထားသည်။
ဟာနီဒါမှ ညနေ ၃ နာရီကျော်တွင် ထွက်ခွာခဲ့သော လေယာဉ်သည် နှစ်နာရီခန့်အကြာတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။
အရေးပေါ်ဆင်းသက်ပြီးနောက် ဟာနီဒါ၏ ပြေးလမ်း စီကို စစ်ဆေးရန်အတွက် ယာယီပိတ်ထားခဲ့ပြီး ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments