သန်လျင်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

 


သန်လျင် မေ ၃

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇွဲမင်းဦးနှင့် ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အသက် ၁၀ နှစ်မှ ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ပြီး UID ကတ် မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွမ်းခြံကုန်းကျေးရွာနေ ပြည်သူများအား ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမိုးသူနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ပြည်သူများ၏ လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)

No comments

Powered by Blogger.