လှိုင်းဘွဲမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့်UID ကတ် ပေးအပ်ပွဲကျင်းပ

 



လှိုင်းဘွဲ      မေ    ၂၁


ကရင်ပြည်နယ် လှိုင်းဘွဲမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID   ကတ်များ  ပေးအပ်ပွဲ အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် ဒိုင်းပြကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။


ရှင်းလင်းပြောကြား


ဦးစွာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အဖွင့်အမှာစကား ပြောကြားပြီး  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး  ညွှန်ကြားရေးမှူး  ဦးကျော်မြင့်က နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်း ဆောင်ရွက်ပေးမှု  အခြေအနေများကို    ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး တာဝန်ရှိသူများ က    ဒိုင်းပြကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး   ကတ်မရှိသူများနှင့် အသက်(၁၈)နှစ်အထက်   နိုင်ငံ သားစိစစ်ရေးကတ် လဲလှယ်သည့် ပြည်သူစုစုပေါင်း   ၁၅၀  တို့အား နိုင်ငံသား    စိစစ်ရေးကတ်နှင့်  UID ကတ်တို့ကို   ပြည်သူတို့၏  လက်ဝယ်အရောက်    ပေးအပ်ခဲ့သည်။   ထို့နောက်   နိုင်ငံသားစိစစ်ရေးကတ်နှင့်   UID  ကတ်များ ဆောင်ရွက်ပေးနေမှုကို     ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.