ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်
ဒါကာ ဇွန်
၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အောက်တိန်း၊ ဓာတ်ဆီနှင့် ရေနံဆီတို့၏ လက်လီ ဈေးနှုန်းများ
မြင့်တက်ခဲ့ပြီး သီတင်းခြောက်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း အစိုးရက မေ ၃၁ ရက်တွင် ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်နှင့်
သတ္တုတွင်းအရင်းအမြစ်ဌာနခွဲ၏ ထုတ်ပြန်ချက်အရ
ဒီဇယ်မှလွဲ၍ ကျန်စက်သုံးဆီအမျိုးအစားများ၏
ဈေးနှုန်းကို တစ်လီတာလျှင် ငါးတာကာစီ တိုးမြှင့်သတ်မှတ်ခဲ့ ကြောင်း သိရသည်။ အဆိုပါ
ဈေးနှုန်းအသစ်များကို မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဇွန် ၁ ရက်မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်သည်။
ဈေးနှုန်းအသစ်များအရ အောက်တိန်း တစ်လီတာ လျှင် ၁၄၅ တာကာ၊ ဓာတ်ဆီတစ်လီတာလျှင် ၁၄၀ တာကာ၊
ရေနံဆီတစ်လီတာလျှင် ၁၃၅ တာကာ သတ်မှတ်ထားပြီး ဒီဇယ်တစ်မျိုးသာ တစ်လီတာလျှင်
၁၁၅ တာကာဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိ ကြောင်း သိရသည်။
အဆိုပါဈေးနှုန်းများကို ကမ္ဘာ့စက်သုံးဆီဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းအပြောင်းအလဲ
များနှင့်အညီ ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာဌာနက ရှင်းလင်းပြောကြားခဲ့သည်။
ဆင်ဟွာ

No comments