ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာန၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲတက်ရောက်
ဟိုပုံး ဇွန် ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်
၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ
လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု
လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်ပြောကြားကာ
သင်တန်းသူများအား သင်တန်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ်၍ သင်ထောက်ကူပစ္စည်းများကို
လှည့်လည်ကြည့်ရှုသည်။ သင်တန်းကို ဇွန် ၃ ရက်မှ ၂၇ ရက်အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)

No comments