ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ငလျင်လှုပ်ခတ်



ဇွန် ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော်ဒါကာအပါအဝင် ဒေသအချို့တွင် ယမန်နေ့ညပိုင်းက ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ဖာဇာနာ ဆူလ်တာနာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားရာတွင် ငလျင်သည် ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၆ မိနစ်တွင် လှုပ်ခတ်ခဲ့ပြီး ဒါကာမြို့ရှိ အဂါဂါဂွန် ငလျင်စင်တာ၏ မြောက်ဘက် ၄၃၂ ကီလိုမီတာခန့်တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒါကာမြို့ရှိ မီးသတ်ဌာနတာဝန်ရှိသူများက ယခုအချိန်အထိ ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှု အစီရင်ခံစာ မရှိသေးကြောင်း ပြောကြားခဲ့သည်။

ငလျင်ဇုန်တွင် တည်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.