အခွန်ဆိုင်ရာအသိပညာပေးလုပ်ငန်း အောင်မြင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 



မော်လမြိုင် ဇွန် ၁၆


မွန်ပြည်နယ်အတွင်း Tax Campaign လုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အခွန်ပညာပေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၅ ရက်က မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပသည်။


ဦးစွာ မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက Tax Campaign လုပ်ငန်းဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။


ထို့နောက် မော်လမြိုင်တက္ကသိုလ်တွင် ပြုလုပ်မည့် အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲ Tax Campaign အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖိတ်ကြားထားသည့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.