ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်နိုင်ခြင်း စိုးရိမ်မှုများကြောင့် ဂျီ-၇ စိုက်ပျိုးရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကျင်းပ
ပါရီ ဇွန်
၉
အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့်
ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနိုင်သည့် အပေါ် စိုးရိမ်မှုများကြောင့် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများ၏
စိုက်ပျိုးရေးဝန်ကြီးများသည် အရေးပေါ် အွန်လိုင်းအစည်းအဝေးတစ်ရပ်
ကျင်းပခဲ့ကြသည်။
လက်ရှိ ဂျီ-၇ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့်
ပြင်သစ်နိုင်ငံက ခေါ်ယူကျင်းပသည့် ဇွန် ၈ ရက် အစည်းအဝေးအပြီးတွင် စိုက်ပျိုးရေးဝန်ကြီးများက
ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ သည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပါက ဓာတ်မြေဩဇာဈေးနှုန်းများနှင့်
ကုန်စည်ထောက်ပံ့ ရေးကွင်းဆက်များအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး
ယင်းသည် လယ်သမားများနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအတွက်
အရေးပါသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဂျီ-၇ အဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီးများက
သတိပေးပြောကြားခဲ့သည်။
ဂျပန်စိုက်ပျိုးရေးဝန်ကြီး စူဇူကီး နိုရီကာဇူက လက်ရှိတွင် မိမိတို့ထံ၌ ယူရီးယားဓာတ်မြေဩဇာ
လုံလောက်စွာ ရရှိထားကြောင်း၊ သို့သော် လာမည့်နွေဦးရာသီနှင့် နောက်ပိုင်းကာလများအတွက်
လိုအပ်သောထောက်ပံ့မှုများ မပြတ်တောက်စေရန်
ကြိုတင်အစီအမံများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ

No comments