စပိန်အသင်းနဲ့ အီဂျစ်အသင်းတို့ နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် အခွင့်အရေးရှိနေ
ဇွန် ၂၂ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေထဲမှာ စပိန်အသင်းနဲ့ အီဂျစ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းအသီးသီးကို
ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အုပ်စု အဆင့်ပွဲစဉ်(၂)အပြီးမှာ အုပ်စုအဆင့်ထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့တာကြောင့်
နောက်တစ်ဆင့်တက်ရန် အခွင့်အရေးရှိနေပြီလည်းဖြစ်ပါတယ်။
စပိန်အသင်းဟာ ဆော်ဒီအာရေဗျအသင်းကို
လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့် ပွဲစဉ် နှစ်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ
ရမှတ်လေးမှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ တာဖြစ်ပါတယ်။
စပိန်အသင်းအတွက် ဦးဆောင်းဂိုး
စတင်သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးယာမယ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့
အသက် ၁၈ နှစ်အရွယ် ကစားသမားတွေထဲမှာ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့ပါ
တယ်။
အီဂျစ်အသင်းကတော့ ကမ္ဘာ့ဖလားအုပ်စုအဆင့်
ဒုတိယပွဲစဉ်အဖြစ် နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အီဂျစ်အသင်းအတွက် သွင်းဂိုးတွေကို မိုစတာဖာဇီကိုက
တစ်ဂိုး၊ မိုဟာမက် ဆာလာက တစ်ဂိုးနဲ့ ထရီဇီဂတ်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ပြီး နယူးဇီလန်အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုတော့ ဆာမန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အီဂျစ်အသင်းဟာ နယူးဇီလန်အသင်းကို
အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်နှစ်ပွဲ ယှဉ်ပြိုင်ကစား ပြီးချိန်မှာ ရမှတ်လေးမှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာ
ဖြစ်ပါတယ်။
ဇွန် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့
အခြားသော ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်တွေမှာတော့
ဘယ်လ်ဂျီယံအသင်းနဲ့ အီရန်အသင်းတို့ပွဲစဉ်မှာ
ဂိုးမရှိသရေ၊ ဥရုဂွေးအသင်းနဲ့ ကိတ်ဗာဒီအသင်းတို့ ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်

No comments