ပြင်ဦးလွင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်

 



ပြင်ဦးလွင် ဇွန် ၂၄


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင်  ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ပြုလုပ်သည့်  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပသည်။


ဦးစွာ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မိုးလှိုင် က အမှာစကား ပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများ၊  သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းတွင် လူသုံးကုန် ထုတ်လုပ်နည်းများကို စာတွေ့ သုံးဆယ်ရာခိုင်နှုန်း၊  လက်တွေ့ ခုနစ်ဆယ်ရာခိုင်နှုန်းဖြင့်  ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ သင်တန်းသား သင်တန်းသူ ၂၀ အား ငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.