သန်လျင်မြို့နယ်၌ တည်ဆဲအခွန်ဥပဒေများ လိုက်နာဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေး
ရန်ကုန် ဇွန် ၁၀
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျ၍ ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က အမှာစကား ပြောကြားပြီး သန်လျင်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသော အခွန်ထမ်းပြည်သူများ၏ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)

No comments