အနောက်ဩစတြေးလျတွင် လေယာဉ်ငယ်ပျက်ကျမှုကြောင့် လေယာဉ်မှူးသေဆုံး
ဇွန် ၂၄
အနောက်ဩစတြေးလျ၏ကျေးလက်ဒေသတစ်ခုတွင် လေယာဉ်ငယ်ပျက်ကျမှုကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်။
အနောက်ဩစတြေးလျ၏ ဝိဘဲ့လ် ဒေသ ပါ့သ် မြို့၏ အရှေ့မြောက်ဘက် ၉၀ ကီလိုမီတာခန့်အကွာရှိ မာလာဘိန်းမြို့ငယ်လေးအနီးတွင် ယနေ့မနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က လေယာဉ်ပျက်ကျခဲ့ကြောင်း သတင်းရရှိခဲ့ရာ ယင်းနေရာသို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခဲ့ကြကြောင်း ဖော်ပြထားသည်။
လေယာဉ်ပေါ်တွင်တစ်ဦးတည်းပါရှိသူ လေယာဉ်မှူးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသည်ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သြစတြေးလျ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းရေးဗျူရို၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေဂျင်စီသည် ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်နေပြီဖြစ်ကြောင်း သြစတြေးလျ ရုပ်သံထုတ်လွှင့်ရေးကော်ပိုရေးရှင်းသို့ ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments