ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်​ရောက်ရှိလာသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

 



မကွေး ဇွန် ၇


ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်း​ဆောင်ပြီး​ နေရပ်သို့ပြန်လည်​ရောက်ရှိလာ​သည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ​နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) တို့တွင် မကွေးတိုင်းဒေသကြီးမှ တာဝန်ထမ်းဆောင်ခဲ့ကြသူ ၃၁၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်​ကာ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.