မော်လမြိုင်မြို့၌ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
မော်လမြိုင် ဇွန် ၁၃
၂ဝ၂၆ ခုနှစ် မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဈေးကြို ရပ်ကွက် တက္ကသိုလ်(၁ဝ) မြို့နယ် ဆောင်အဝင်လမ်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဝင်းသန်း တက်ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်၊ သူနာပြု/ သားဖွား သင်တန်းကျောင်း၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ တပျော်တပါး စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments