အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရ
ဇွန် ၁၈ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေထဲက အုပ်စု
(L)ရဲ့အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ ပွဲစဉ်မှာ အင်္ဂလန်အသင်းက လေးဂိုး-နှစ်ဂိုးဖြင့်
အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက်
သွင်းဂိုးတွေကို တိုက်စစ်မှူး ဟယ်ရီကိန်းက နှစ်ဂိုး၊ ဘယ်လင်ဂန်က တစ်ဂိုး၊ ရက်ရှ်ဖို့ဒ်က
တစ်ဂိုး သွင်းယူပေးခဲ့ပြီး ခရိုအေးရှားအသင်းအတွက်
သွင်းဂိုးတွေကိုတော့ ဘာတူရီနာနဲ့ မူဆာတို့က
တစ်ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန် အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးစုစုပေါင်း ၁၀ ဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
အုပ်စု (L)ရဲ့ အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂါနာအသင်းနဲ့ ပနားမားအသင်းတို့ပွဲစဉ်မှာတော့
ဂါနာ အသင်းက သာမန်ပွဲကစားချိန်မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ငါးမိနစ်မှာရရှိခဲ့တဲ့ ယီရန့်ယီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဥဇဘတ်ကစ္စတန်အသင်းနဲ့ ကိုလံဘီယာအသင်းတို့ ပွဲစဉ်မှာတော့ ကိုလံဘီယာအသင်းက
သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အခြားသော ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲ
ဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ကွန်ဂိုအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့သာ
ပွဲပြီး ဆုံးခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်

No comments