ရွှေတောင်စုခေတ်မီ(စံပြ)ကျေးရွာ၌ မိုးရာသီအရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

 



အင်္ဂပူ ဇွန် ၂၅

 

အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇွန် ၂၃ ရက်က ရွှေတောင်စုခေတ်မီ(စံပြ)ကျေးရွာတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲပြုလုပ်ခဲ့သည်။


ဦးစွာ ပျိုးပင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းနိုင်တို့က ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ပြီး ရွှေတောင်စုခေတ်မီ(စံပြ) ကျေးရွာအဝင် လမ်းဘေးတစ်လျှောက်တွင် ကျွန်းပင် ၅၀ ၊ မန်ဂျန်ရှားပင် ၅၀ စုစုပေါင်းအပင် ၁၀၀ တို့ကို စိုက်ပျိုးခဲ့ကြသည်။


မန်းကျော်(ပြန်/ဆက်)

No comments

Powered by Blogger.