အာဖဂန်ဒုက္ခသည် ၃၆၉၀ ကျော် နေရပ်ပြန်လာ



ဇွန် ၁၁

မွေးရပ်မြေ အာဖဂန်နစ္စတန်သို့  ယမန်နေ့က စုစုပေါင်း မိသားစု ၇၂၄ စု (၃၆၉၃ ဦး) ပြန်သွားကြောင်း ဘက်တာ သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။

၎င်းတို့အနက် မိသားစု ၆၆၂ စုကို ၎င်းတို့၏ နေရပ်ပြည်နယ်များသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်မိသားစု ၆၂ စုကို လိုအပ်သော အကူအညီများ ရရှိပြီးပါက ၎င်းတို့၏ ပြည်နယ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဘက်တာက ထပ်လောင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည် ၈၅၀၀၀ ကျော်  နေရပ် ပြန်ရောက်လာကြပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.