ဂျပန်နိုင်ငံကျိုတိုခရီးသွားနေရာတစ်ခုတွင် ဝက်ဝံ ဖမ်းဆီးရမိ



ဇွန် ၁၁

ဂျပန်နိုင်ငံ၏ရိုးရာရှုခင်းအလှဆုံးနေရာသုံးမျိုးအနက်မှ တစ်ခုဖြစ်သည့် ကျိုတိုစီရင်စုရှိ အမာနိုဟာရှီဒိတ်တွင် ဝက်ဝံတစ်ကောင်ကို တွေ့ရှိခဲ့ရာ ရေပြင်ထဲတွင် ဝက်ဝံကူးခတ်သွားခဲ့ပြီးနောက် ယင်းဝက်ဝံကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကျိုတိုစီရင်စုသည် နိုင်ငံ၏ အရေးပါသောဒေသတစ်ခုဖြစ်ပြီး အမာနိုဟာရှီဒိတ်သည် နိုင်ငံ၏ အထင်ကရ သဘာဝရှုခင်းနေရာများအနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ထင်းရှူးပင်များဖုံးလွှမ်းနေသော သဲသောင်ပြင်၏ မြောက်ဘက်ခြမ်းတွင် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က တွေ့ရှိကြောင်း လမ်းသွားလမ်းလာတစ်ဦးက ပထမဆုံးသတင်းပို့ခဲ့သည်ဟု ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါဝက်ဝံသည် သစ်တောဧရိယာတွင်ရှိနေခဲ့ကြောင်းနှင့် ည ၁၀   နာရီ ၃၀ မိနစ် နောက်ပိုင်းတွင် စိတ်ငြိမ်ဆေးနှစ်ကြိမ်ဖြင့် မေ့ဆေးပေးပြီး ဖမ်းဆီးခံခဲ့ရကာ မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဖော်ပြထားသည်။

အဆိုပါဝက်ဝံသည် အရှည် ၁ ဒသမ ၃ မီတာခန့်ရှိပြီး အလေးချိန် ၉၇ ကီလိုဂရမ်ရှိ အာရှဝက်ဝံအထီးတစ်ကောင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.