အမေရိကန်က အီရန်ဘောလုံးပရိသတ်များအား ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်ခွင့် ပိတ်ပင်နေဟု အီရန်ပြောကြား
တီဟီရန် ဇွန် ၁၀
လာမည့်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင်
အီရန်ဘောလုံးပရိသတ် များအတွက် ဘောလုံးပွဲလက်မှတ် များ ရပိုင်ခွင့်ကို အမေရိကန်က ပိတ်ပင်နေကြောင်း
အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားသည်။
အမေရိကန်က အီရန်ဘောလုံးပရိသတ်များအတွက်
လက်မှတ်ရပိုင်ခွင့်ကို ပိတ်ပင်သည့် ဆောင်ရွက် ချက်သည် တရားမျှတမှုမရှိကြောင်း အဆိုပါဘောလုံးအဖွဲ့ချုပ်က
ပြောကြားသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်စည်းမျဉ်းများအရ
ကမ္ဘာ့ဖလားတွင် ပါဝင်သောနိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ် တစ်ခုစီသည် ၎င်းတို့အသင်း၏ပွဲစဉ်များအတွက်
ခွဲဝေပေးထားသော လက်မှတ်စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းကို ရရှိခွင့်ရှိသည်။ အမေရိကန်တာဝန်ရှိသူများ၏
ဆောင်ရွက်ချက်သည် နိုင်ငံတကာ ပြိုင်ပွဲများကို လွှမ်းမိုးလိုသည့် စိတ်ဓာတ်နှင့်ပါဝင်ယှဉ်ပြိုင်သောနိုင်ငံများအကြား
တန်းတူညီမျှမှု အပေါ် ဆန့်ကျင်နေသည်ဟု အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments