ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါအတည်ပြုလူနာ ၃၀၀ ကျော် ရှိလာ
ဇွန်
၂
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
(DRC) တွင် အီဘိုလာရောဂါအတည်ပြုလူနာ ၃၄၃ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ရော်ဂျာ
ကမ်ဘာက ယမန်နေ့က ပြောကြားခဲ့ပြီး နိုင်ငံ၏ တရားဝင်သတင်းဌာနဖြစ်သော ကွန်ဂိုသတင်းစာအေဂျင်စီ
အေစီပီ(ACP) က ကိုးကားဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်
ဂျူဒစ် ဆူမင်ဝါ ဦးဆောင်သော အီဘိုလာတုံ့ပြန်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများအပြီးတွင်
ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အီတူရီပြည်နယ်အရှေ့ပိုင်း၏
မြို့တော်နှင့် ရောဂါဖြစ်ပွားမှု၏ဗဟိုချက်ဖြစ်သော ဘူနီယာဒေသတွင် တုံ့ပြန်မှုလုပ်ငန်းများကို
ယခုအခါ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လျက်ရှိကြောင်း ကမ်ဘာက ပြောကြားခဲ့သည်။
လက်ရှိတွင်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေယာဉ်ခရီးစဉ်များကိုသာ ခွင့်ပြုထားပြီး ပိတ်ထားသော
ဘူနီယာလေဆိပ်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း
အစိုးရပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် မူယာယာက ပြောကြားခဲ့သည်။
လက်ဆေးရန်နေရာများ၊
ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရေးစနစ်များ အထူးသဖြင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာအစီအမံများ
စီစဉ်ထားပြီးဖြစ်သောကြောင့် ဘူနီယာလေဆိပ်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု
မူယာယာက အေစီပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ထိုလေဆိပ်ပြန်လည်ဖွင့်လှစ်ခြင်းကြောင့်
တုံ့ပြန်ကူညီရေးလုပ်ငန်းများအတွက် လိုအပ်သော အထောက်အပံ့များ ပို့ဆောင်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေမည်ဟုလည်း
၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မေလ
၁၅ ရက်နေ့တွင် ကြေညာခဲ့သော နောက်ဆုံးအီဘိုလာရောဂါဖြစ်ပွားမှုသည် ၁၉၇၆ ခုနှစ်တွင် ယင်းဗိုင်းရပ်စ်ကို
ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့ပြီးနောက်ပိုင်း
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သော ၁၇ ကြိမ်မြောက် ကူးစက်ရောဂါဖြစ်ပွားမှု
ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments