ဖိလစ်ပိုင်မြောက်ပိုင်းတွင် ငါးဖမ်းသမားတစ်ဦး ပစ်သတ်ခံရ
ဇွန် ၂၉
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပန်ဂါစီနန် ပြည်နယ်ရှိ ဘိုလီနာအိုမြို့တွင် အသက် ၆၃ နှစ်အရွယ် ငါးဖမ်းသမားတစ်ဦးအား အခြားဒေသခံတစ်ဦးက ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါငါးဖမ်းသမားသည် သူငယ်ချင်းနှစ်ဦးနှင့်အတူ အရက်သောက်နေစဉ် သံသယရှိသူသည် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရုတ်တရက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ၎င်းကိုဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ရှိချိန်တွင် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။
သံသယရှိသူသည် ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရဲများက ဖမ်းဆီးရမိခဲ့သည်။ လူသတ်မှု၏နောက်ကွယ်မှ အကြောင်းရင်းကိုသိရှိရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments