အင်ဒိုနီးရှားနိုင်ငံ၌ ဗင်ကားနှင့် ထရပ်ကား တိုက်မိမှုကြောင့် လေးဦး သေဆုံး
ဇွန် ၃၀
အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူမားတြားပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ခရီးသည်တင် ဗင်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး တိုက်မိမှုကြောင့် လူလေးဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဒေသခံမီဒီယာများသို့ ယမန်နေ့ကပြောကြားခဲ့သည်။
ခရီးသည် ၁၁ ဦး လိုက်ပါလာသော ဗင်ကားသည် တစ်ဖက်လမ်းသို့ ကွေ့ဝင်သွားပြီး မျက်နှာချင်းဆိုင် လာနေသော ထရပ်ကားတစ်စီးကို ဝင်တိုက်မိခြင်းဖြစ်သည်ဟု ဒေသခံယာဉ်ထိန်းရဲများ၏ ပြောကြားချက်အရ သိရသည်။
သေဆုံးသူ လေးဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments