ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

 



ဘားအံ ဇွန် ၂၄


ကရင်ပြည်နယ် ဘားအံမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပသည်။


ဟောပြော


ဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး က အမှာစကားပြောကြားပြီး ဘားအံမြို့ အမှတ်(၃၁) မူးယစ် တပ်စုမှ ရဲမှူးမင်းထွဋ်က မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ် ဆေးဝါးအမျိုးအစားများ၊ ထိန်းချုပ် ဓာတုအမျိုးအစားများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် အမှတ်(၈) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲမှူးသိန်းဇော်မြင့်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောကြကြောင်း သိရသည်။


ဇင်လေး(ပြန်/ဆက်)

No comments

Powered by Blogger.