ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန်လတွင် ကူးစက်မှု ၁၇၀၀ ကျော်ဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများ မြင့်တက်လာ



ဇွန် ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးထပ်မံဖြစ်ပွားသူ ၂၂၀ နှင့် ထပ်မံသေဆုံးသူနှစ်ဦးရှိခဲ့ပြီး ယခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၄၉၀၀နှင့် သေဆုံးသူကိုးဦး အထိ ရှိလာခဲ့သည်ဟု သိရသည်။

ကျန်းမာရေးဝန်ဆောင်မှုဌာန၏ ယမန်နေ့ကထုတ်ပြန်ခဲ့သော အချက်အလက်များအရ မေလတွင် ယင်းရောဂါဖြစ်ပွားသူ ၇၁၄ ဦးရှိခဲ့ပြီး ဇွန်လတွင် ၁၇၀၃ ဦးရှိရာ ကူးစက်မှုအသစ်သည် ယခုလတွင် နိုင်ငံ၏ အချို့ဒေသများတွင် ခြင်မှတစ်ဆင့်ကူးစက်သောရောဂါ အလျင်အမြန် မြင့်တက်လာခြင်းကို ညွှန်ပြနေသည်ဟု သိရသည်။

ခြင်မှတစ်ဆင့်ကူးစက်သောရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မားသော ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီသည် သွေးလွန်တုပ်ကွေးရာသီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၅ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၂၈၆၁ ဦးနှင့် သေဆုံးသူ ၄၁၃ ဦး ရှိပြီး  ၂၀၂၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေးနှင့်ဆက်စပ်သေဆုံးသူ ၁၇၀၅ ဦး ရှိခဲ့ရာ ယင်းရောဂါဖြင့်နှစ်စဉ်သေဆုံးမှုတွင်သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.