မြစ်ကြီးနားမြို့၌ ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်
မြစ်ကြီးနား ဇွန် ၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်
ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်အတွင်း ဧရာဝတီမြစ်ဆိပ်ရှိ
မီးသတ်ဦးစီးဌာန၏ ရေကင်းကြည့်စခန်း (ကချင်စု)ရုံး၌ ကျင်းပသည့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး
ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
ဦးရာဝမ်ဂျုံး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်လွှတ်တော်
ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြစ်ကမ်းဘေးတွင်
ခင်းကျင်းပြသထားသော ရေပြင်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုတို့ကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီမြစ်အတွင်း မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက
ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုကို ကြည့်ရှုအားပေးကာ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ ၁၁ ဖွဲ့တို့ကို အသက်ကယ်အင်္ကျီများနှင့် ငွေကျပ် ၇၅ သိန်း
ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး
ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် ပြင်ဆင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲသို့
တက်ရောက်အမှာစကား ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ)
ဦးခင်ဇော်က မဲပေးစက် (MEVM) ပြင်ဆင်ထိန်း သိမ်းခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို
ဆွေးနွေးမှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments