မင်္ဂလာတောင်ညွန့်မြို့နယ်၌ သမဝါယမအရောင်းဆိုင်ခန်းဖွင့်လှစ်

 



ရန်ကုန် ဇွန် ၂၈


(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် တောင်လုံးပြန်ရပ်ကွက် တိုးတက်အောင် ရောင်းဝယ်ရေး သမဝါယမအသင်း၏ အရောင်းဆိုင် ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီတွင် အသင်းဆိုင်ခန်းရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ သမဝါယမ အသင်းများမှ ကိုယ်စားလှယ်များ၊ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

No comments

Powered by Blogger.