(၁၀)ကြိမ်မြောက် မြန်မာ - ထိုင်း နှစ်နိုင်ငံရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပ



နေပြည်တော် ဇွန် ၁၂


ရန်ကုန်မြို့၌ ပြုလုပ်သည့် (၁၀)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲ (10th Myanmar-Thai Navy to Navy Talks) သို့ တက် ရောက်ရန်အတွက် ထိုင်းဘုရင့် ရေတပ် Naval Operations Department, Office of Policy and Planning မှ Director ဖြစ်သူ Rear Admiral Chaksawat Saiwong ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည် ဇွန် ၉ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာန ချုပ်၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ် ကြသည်။


တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက် ဖလှယ် ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ညှိနှိုင်းကင်းလှည့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စစ်ရေယာဉ်များ အပြန် အလှန်လည်ပတ်စဉ် ဆောင်ရွက်မည့် အစီအစဉ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။


အဆိုပါ ဆွေးနွေးချက်များ အား သဘောတူလက်မှတ်ရေးထိုး ပွဲကို ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာဇေယျ ကျော်ထင်ခန်းမ၌ ပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်တံဆိပ်များ အပြန် အလှန်ပေးအပ်သည်။


ရေတပ်လေ့ကျင့်ရေး ဌာန ချုပ်သို့ ရောက်ရှိစဉ် ထိုင်းဘုရင့် ကိုယ်စားလှယ်အဖွဲ့ သည် တပ်မတော်(ရေ) နှင့် ထိုင်းဘုရင့် ရေတပ်တို့၏ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကြည့်ရှုခြင်းနှင့် ရေတပ်လေ့ကျင့်ရေးဆိုင်ရာ ဆင်မြူလေတာများ၏ သရုပ်ပြသမှုများကို လှည့်လည်ကြည့်ရှု၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး ခဲ့သည်။


ထိုင်းဘုရင့် ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.