တရုတ်နိုင်ငံ၌ ရထားအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်



ပေကျင်း   ဇွန်   ၁၀

တရုတ်နိုင်ငံသည် ရထားအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် နည်းလမ်းများချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရ၏ ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သည့်  ထုတ်ပြန်ချက်အရ  သိရ သည်။

ခရီးသွားလုပ်ငန်းကို ရှေးရှုသည့် ဘူတာရုံများ  အဆင့်မြှင့်တင်ခြင်းနှင့် ခရီးသွားနေရာများ  အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ရထားပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်း ရှစ်ခုတို့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သတ်မှတ် ချက်များနှင့် ကိုက်ညီသည့် ခရီးသွားနေရာများအား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရင်းနှီးငွေများ ကို ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ပေးအပ်မည်ဖြစ်သည်။ ခရီးသွားလာရေးလုပ်ငန်း အတွက် ပြေးဆွဲသည့်ရထားများကို နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ မြှင့်တင်ရေးဆောင်ရွက် မည်ဟု သိရသည်။  တရုတ်-လာအို၊ တရုတ်- ကာဇက်စတန်၊   တရုတ်-ဗီယက်နမ်နှင့် တရုတ်-ရုရှား  နယ်စပ်ဖြတ်ကျော်ခရီးသွားရထားများကို ဒီဇိုင်းပုံစံမြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်မည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ရထားများကို ပြည်ပခရီးသွားများအတွက်     အများအပြား ပြေးဆွဲရန်လိုအပ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။   ခရီးသွားများ အတွက် လိုအပ်သည့်  ခရီးသွားလာရေးနေရာများ၊ တည်းခိုနေထိုင်ရေး၊  အစားအသောက်နှင့်   အားကစားပြိုင်ပွဲများ ကျင်းပရေးတို့အတွက် ရထားပို့ဆောင်ရေးတာဝန်ရှိသူများနှင့် ဒေသန္တရ တာဝန်ရှိသူများက   ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

ခရီးသွားစီးဆင်းမှုကို စောင့်ကြည့်ခြင်း၊ ခန့်မှန်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ဆောင်ရွက်ရန်နှင့် ခရီးသွားလုပ်ငန်းထုတ်ကုန်များ ဒီဇိုင်းရေးဆွဲခြင်း၊ ဈေးကွက်ရှာဖွေခြင်းနှင့် လုပ်ငန်းဆောင်ရွက် ရာတွင် ပံ့ပိုးရန်အတွက် ရထားအခြေခံခရီးသွားလုပ်ငန်းများနှင့်ပတ်သက်သည့် ကြီးမားသော ဒေတာစနစ်တစ်ခုတည်ဆောက်ရန် အစီအမံများကိုလည်း အဆိုပါထုတ်ပြန်ချက်တွင် အဆိုပြုထား သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.