အောင်လံမြို့နယ်၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
အောင်လံ ဇွန် ၄
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို
ဇွန် ၃ ရက်က မအူခုံကျေးရွာ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းကို မအူခုံကျေးရွာ၌ ဇွန်
၃ ရက်မှ ၇ ရက် အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)

No comments