ပါကစ္စတန်စစ်ဘက်သုံးရဟတ်ယာဉ်ပျက်ကျ ရဟတ်ယာဉ်ပေါ် လိုက်ပါသူအားလုံး သေဆုံး



အစ္စလာမာဘတ်  ဇွန်  ၁၀

ပါကစ္စတန်စစ်ဘက်သုံး Mi-17 ရဟတ်ယာဉ်တစ်စင်းသည် ပျံတက်စဉ်အတွင်း ပါကစ္စတန်ထိန်းချုပ် ထားသည့် ကက်ရှ်မီးယားဒေသ မူဇာဖာရာ ဘတ်အနီးတွင် ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ် လိုက်ပါ သူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်သည် နည်းပညာချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ် သူမရှိကြောင်း   စစ်ဘက်ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက် တွင် ရဟတ်ယာဉ်ပျက်ကျပြီးနောက်မကြာမီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာ သို့ ရောက်ရှိခဲ့ပြီး ပျက်ကျရသည့် အကြောင်းရင်းကို တိကျစွာဖော်ထုတ်နိုင်ရန်  စုံစမ်းစစ်ဆေးရေး အဖွဲ့  ဖွဲ့စည်းထားကြောင်းလည်း ဖော်ပြထားသည်။

ပါကစ္စတန်စစ်ဘက်က ရဟတ်ယာဉ်ပေါ်တွင် ပါဝင်သူအရေအတွက်နှင့် ကိုယ်ရေးအချက်အလက် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။                                                                

ဆင်ဟွာ

No comments

Powered by Blogger.