သီရိလင်္ကာနိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ မီးလောင်မှုကြောင့် ၁၂ ဦး သေဆုံး




ကိုလံဘို  ဇွန်  ၄


သီရိလင်္ကာနိုင်ငံ     အနောက်ပိုင်းပြည်နယ်ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး     ဂေဟာတစ်ခုတွင်  ဇွန် ၃ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ  ၁၂  ဦး   သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က  ဇွန်   ၄   ရက်တွင် ပြောကြားသည်။


အန်ဂူရူဝါတိုတာမြို့     ဟိုရာနာဒေသရှိ အဆိုပါဂေဟာ၌      မီးလောင်မှုဖြစ်ပွားခဲ့ပြီး နောက် ကယ်ဆယ်ရေး အဖွဲ့များက အဆောက်အအုံအတွင်းမှ လူ ၄၄ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊    ဒဏ်ရာရရှိသူ ခုနစ်ဦးကိုလည်း  အနီးရှိဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း      အာဏာပိုင်များက ပြောကြားသည်။


လက်ရှိတွင် လူသုံးဦးပျောက်ဆုံးနေဆဲဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို    စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။


ဆင်ဟွာ



No comments

Powered by Blogger.