ရေကြည်မြို့နယ်၌ သွင်းအားစု ဓာတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ
ရေကြည် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာများ
ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ရေကြည်မြို့နယ်
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊
ဝယ်ယူကြိတ်ခွဲတင်ပို့သူ အစုအဖွဲ့ လုပ်ငန်းရှင်များ၊ သွင်းအားစုလုပ်ငန်းရှင်များ၊ တောင်သူများ
တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက တောင်သူများထံ သွင်းအားစုဓာတ်မြေသြဇာများ ပေးအပ်ခဲ့ကြောင်း
သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments