၂၀၃၀ ပြည့်နှစ် မတိုင်မီ ဗီယက်နမ် လေဆိပ်အသစ် ခုနစ်ခု ထပ်ချဲ့မည်



ဟနွိုင်း  ဇွန်  ၁၈

နိုင်ငံတစ်ဝန်းလေကြောင်းပို့ဆောင်ရေးကွန်ရက်ကို ချဲ့ထွင်ရန်နှင့် မြင့်တက်လာသော ခရီးသွား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဗီယက်နမ်အစိုးရသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လေဆိပ်အသစ် ခုနစ်ခုကို ဖွင့်လှစ်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဗီယက်နမ်သတင်း အေဂျင်စီက ဇွန် ၁၆ ရက်က ဖော်ပြခဲ့သည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် ဗီယက်နမ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၁၅ ခု၊ ပြည်တွင်း လေဆိပ် ၁၇ ခု၊ ပေါင်း ၃၂ ခုဖြင့် နှစ်စဉ်ခရီးသည် သန်း ၂၂၀ ခန့်အထိ ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

ဗီယက်နမ်နိုင်ငံ၏ ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်ဒေါင် စုစုပေါင်း ၄၈၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃ ဘီလီယံခန့်)လိုအပ်မည်ဟု ခန့်မှန်းထားပြီး အဆိုပါရန်ပုံငွေ၏ ၅၅ ရာခိုင်နှုန်းကို အစိုးရ ဘဏ္ဍာငွေမှ ထောက်ပံ့သွားရန် မျှော်မှန်းထားသည်။                                                                 

ဆင်ဟွာ

No comments

Powered by Blogger.