ခရိုအေးရှားနိုင်ငံ၌ အပေါ့စားရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွား
ဇာဂရက် ဇွန် ၄
ခရိုအေးရှားနိုင်ငံ အနောက်မြောက်ပိုင်း အစ္စထရီယားဒေသ၌ ဇွန် ၄ ရက်တွင် အပေါ့စားရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားသည်။ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း အစ္စထရီယန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေးဦးသေဆုံးကြောင်း အတည်ပြုထားပြီး ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထား သည်။
ဆေးအဖွဲ့များ၊ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့များအပါအဝင် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့အားလုံးမှာ လက်ရှိတွင် လိုအပ်သည့် စီမံဆောင်ရွက်မှုများအားလုံးကို ဆောင်ရွက်လျက်ရှိကြောင်း အစ္စထရီယန် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အယ်လင်ပက်စီက ပြောကြားသည်။
မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။ ဆင်ဟွာ

No comments