နတ်မောက်မြို့နယ်၌ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ
နတ်မောက် ဇွန် ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီခွဲတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်
လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို တမာပင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက
ကျောင်းသား ကျောင်းသူများအား ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊
မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံ၊ အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်
လုပ်ငန်းများနှင့် လျင်မြန်စွာ မီးငြှိမ်းသတ်နည်း အဆင့်ဆင့်တို့ကိုအသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို
မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments