ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မိုးစပါးမျိုးစေ့ထုတ် တောင်သူများအတွက် မျိုးစပါးများ ပေးအပ်

 



စစ်တွေ ဇွန် ၁၆


၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအတွက် မျိုးစပါးချီးမြှင့်ပေးအပ်ခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမျိုးသန့်ခြံ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။


ကွင်းသရုပ်ပြပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များ ချီးမြှင့်ပေးအပ်သည်။


ထို့နောက် စစ်တွေမျိုးသန့်ခြံ၌ မိုးရာသီတွင် ဒေသတွင်းစားသုံးရန် လိုအပ်သည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမည့် Green House အဆောက်အအုံဆောက်လုပ်နေမှု၊ အိမ်နောက်ဖေးဈေးဆိုင်တည် သရုပ်ပြစိုက်ခင်း၊ နို့စားနွားမွေးမြူမည့် နေရာနှင့် စစ်တွေ မျိုးသန့်ခြံ အတွင်း စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက ၄၀ တွင် ပိုက်ဆံလျှော် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတို့ကို ကြည့်ရှုသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ဧည့်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်ဆိုင်ရာ(ICRC) ကိုယ်စားလှယ်ရုံးခွဲ အကြီးအကဲ Mr. Rochus PEYER နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.