မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်

 



ရန်ကုန် ဇွန် ၂၄


အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖန်တီးပေးနိုင်မည့် မှိုမျိုးစုံစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကိုးမိုင် စိုက်ပျိုးရေးဦးစီးဌာန မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။


ရှင်းလင်းပြောကြား


သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်နိုင်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


မှိုစိုက်ပျိုးနည်းအခြေခံကိုသိရှိပြီး လက်တွေ့ကျွမ်းကျင်မှုကို အသုံးချနိုင်ရန်၊ အသက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ အိမ်ထောင်စုဝင်ငွေ တိုးတက်လာစေရန်၊ အာဟာရ ပြည့်ဝသောအစားအစာ ထုတ်လုပ်နိုင်စေရန်နှင့် စိုက်ပျိုးရေးအကြွင်း အကျန်ပစ္စည်းများကို ထိရောက်စွာအသုံးချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၁ ဦး တက်ရောက်ကြကာ သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- ဥဿ၊ ဓာတ်ပုံ - ကိုလွင်

No comments

Powered by Blogger.