ဝါရှင်တန်ပြည်နယ် စက္ကူစက်ရုံ၏ဓာတုဗေဒကန်ပေါက်ကွဲမှုတွင် သေဆုံးသူဦးရေ ၁၁ ဦးအထိ မြင့်တက်လာ



ဇွန် ၁

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဝါရှင်တန်ပြည်နယ်တွင် ဓာတုပစ္စည်းပါဝင်သည့်ကန်တစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ ၁၁ ဦးအထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

လောင်းဗျူးမြို့ရှိ Nippon Dynawave Packaging စက်ရုံတွင် မေ ၂၆ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် ဓာတုပစ္စည်းများ သိုလှောင်ထားသည့် ကန်တစ်ခု ပြိုကျခဲ့သည်ဟု သိရသည်။

အဆိုပါကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ Nippon Paper Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။ ဂျပန်ကုမ္ပဏီနှင့် ဒေသခံမီးသတ်ဌာနများက မေ ၃၁ ရက်အထိ ဝန်ထမ်းကိုးဦး၏ သေဆုံးမှုကို အတည်ပြုခဲ့ပြီး ၎င်းတို့အားလုံး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

စုစုပေါင်း သေဆုံးသူဦးရေ ၁၁ ဦးအထိ မြင့်တက်လာပြီး အခြားရှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

ထိုကန်တွင် စက္ကူပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းတစ်ခု ပါဝင်ကြောင်း သတင်းများထွက်ပေါ်နေကြောင်း၊ ဒေသဆိုင်ရာအာဏာပိုင်များက ပေါက်ကွဲမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် အနီးတစ်ဝိုက်ရှိ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို အကဲဖြတ်ရန် သက်ဆိုင်ရာအေဂျင်စီများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.