အိန္ဒိယနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနား ကျင်းပ



နယူးဒေလီ   ဇွန်  ၂၁

(၁၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကို  အိန္ဒိယနိုင်ငံ၌ ဇွန် ၂၁ ရက်က ကျင်းပခဲ့သည်။ 

အနောက်ဘင်ဂေါပြည်နယ် မြို့တော်ဖြစ်သည့် ကိုလ်ကတ္တား မြို့တွင် အပြည်ပြည်ဆိုင်ရာယောဂနေ့ အဓိကအခမ်းအနားကို ကျင်းပခဲ့သည်။ 

ကိုလ်ကတ္တားမြို့ လမ်းမထက်တွင်   အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်သည့် ထောင်နှင့် ချီသည့် လူအုပ်ကြီးသည် နံနက်ခင်း လေ့ကျင့်ခန်းကို သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။ ယောဂလေ့ကျင့်မှု သည်  သာမန်ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုမဟုတ်သကဲ့သို့    အသက်အရွယ်အပိုင်းအခြားဖြင့်   ကန့်သတ်ထားနိုင်သည့်အရာလည်း မဟုတ်ကြောင်း၊ ယောဂသည် အသိစိတ်ဓာတ်၊ တက်ကြွမှုနှင့် အတွင်းပိုင်း အလင်းရောင်တို့၏ အရင်းအမြစ်ဖြစ်ပြီး လူ့ဘဝ၏အဆင့်တိုင်းကို ပိုမိုကြွယ်ဝစေ သည်ဟု ၎င်းက ဆက်ပြောသည်။ အသက်ကြီးရင့်လာလျှင်ပင် ကျန်းမာသန်စွမ်းပြီး ခွန်အားပြည့်ဝ မှုကို အပြည့်အဝပေးစွမ်းနိုင်ကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်က ကုလသမဂ္ဂသည် ဇွန်လ ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာယောဂနေ့အဖြစ် သတ်မှတ်ကြောင်း    ကြေညာခဲ့သည်။ ယောဂသည် အိန္ဒိယနိုင်ငံမှ စတင်အခြေပြုသည့် ရှေးဟောင်း စိတ်ပိုင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုဖြစ်သည်။   

ဆင်ဟွာ

No comments

Powered by Blogger.