ပြင်သစ်အိုးပင်းတင်းနစ် ဘီးတပ်ကုလားထိုင်တစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဟူးဝစ်သ် နှစ်နှစ်ဆက် ရှုံးနိမ့်
ဗြိတိန်မှ အလ်ဖီးဟူးဝစ်သ်သည်
ပြင်သစ်အိုးပင်းတင်းနစ် ဘီးတပ်ကုလားထိုင် တစ်ဦးချင်းပြိုင်ပွဲ
နောက်ဆုံးဗိုလ်လုပွဲတွင် ဂျပန်မှ တိုကီတိုအိုဒါကို
ရှုံးနိမ့်ခဲ့သည်။
ဟူးဝစ်သ်သည် ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့်
အိုဒါကို နှစ်နှစ်ဆက် ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် အိုဒါကို ၆-၃၊ ၆-၃ ရလဒ်ဖြင့်
ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၀ အရွယ် အိုဒါသည် ပြင်သစ်အိုးပင်းတင်းနစ်
ဘီးတပ်ကုလားထိုင်ပြိုင်ပွဲတွင် လေးကြိမ် ဆက်
ဖလားဆွတ်ခူးရရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဟူးဝစ်သ်သည် ယခုဗိုလ်လုပွဲတွင် ရှုံးနိမ့်မှု
ကြောင့် အိုဒါနှင့် ယှဉ်ပြိုင်ခဲ့သည့် အဓိကဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ခုနစ်ကြိမ်တွင်
ငါးကြိမ် အထိ ရှုံးပွဲရှိလာပြီဖြစ်သည်။
ဟူးဝစ်သ်သည် ပြင်သစ်အိုးပင်းဖလားကို
၂၀၁၇ ၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဆွတ်ခူးရရှိအောင် စွမ်းဆောင်ထားသည်။ ဂရင်းဆလမ်း
တစ်ဦးချင်းချန်ပီယံ ၁၀ ကြိမ် ဆွတ်ခူးထားသည့်
ဟူးဝစ်သ် သည် ၂၀၂၅ ဩစတြေးလျအိုးပင်းပြိုင်ပွဲပြီးနောက် ပထမဆုံး တစ်ဦးချင်းဆုဖလားရရှိရန်
ရုန်းကန် နေရသူဖြစ်သည်။
မိုးဇက်

No comments