ဒုတိယဝန်ကြီး ဦးမျိုးမြင့် ချင်းပြည်နယ်အတွင်းရှိ ကလေး - သိုင်းငင်း - တီးတိန်လမ်းပိုင်းနှင့် အခြေခံပညာကျောင်းများ သွားရောက်ကြည့်ရှုစစ်ဆေး

 



နေပြည်တော် ဇွန် ၂၅


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ကလေး-သိုင်းငင်း- တီးတိန်လမ်းပိုင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvert များ တည်ဆောက်ထားရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုတင်စုဖွဲ့၍ အလေးထား ကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။


ထို့နောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် အတူ တီးတိန်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် အခြေခံပညာ ကျောင်းများကို သွားရောက် ကြည့်ရှုစစ်ဆေး သည်။


တီးတိန်မြို့နယ်တွင် ကျောင်းပေါင်း ၁၀၉ ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသား ကျောင်းသူ ၁၂၀၄၇ ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား ၆၁ ဦး စုစုပေါင်း ၁၂၁၀၈ ဦး တက်ရောက် ပညာ သင်ကြားလျက်ရှိသည်။


ယင်းနောက် တီးတိန်မြို့ကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန တီးတိန်ခရိုင် အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.