ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်
ရန်ကုန် ဇွန် ၄
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်
အကြိုလှုပ်ရှားမှုအနေဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၃)ရပ်ကွက် ရှင်ထွေးညိုမင်္ဂလာကန်တော်
ပတ်ဝန်းကျင်၌ ဇွန် ၂ ရက်က ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်ခရိုင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ
ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့်
ရပ်ကွက်နေ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
ဇွဲမင်းထက်

No comments