မော်လ်ဒိုက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကန်ဒေါ်လာ လေးသိန်းခွဲခန့် နှစ်စဉ် တိုးမြှင့်သုံးစွဲမည်



မာလေ   ဇွန်  

မော်လ်ဒိုက်သမ္မတ  မိုဟာမက်မွိုက်ဇူက ကျွန်းစုတစ်ဝန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေးအစီအစဉ်များကို  အထောက်အပံ့ပေးနိုင်ရန် မော်လ်ဒိုက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ  ရန်ပုံငွေမှ နှစ်စဉ် အမေရိကန်ဒေါ်လာ  ၄၅၄၀၀၀ ကို ထပ်မံခွဲဝေပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်ဟု နိုင်ငံပိုင်မီဒီယာ PSM News က ဇွန် ၇  ရက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဖြစ်သည့် ဇွန် ၅ ရက်က ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတက ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ အကြီးမားဆုံးစိန်ခေါ်မှုများအနက်တစ်ခုမှာ လုံလောက်သည့် ငွေကြေးအရင်းအမြစ်များ   မရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်စဉ်ခွဲဝေပေးမည့်ရန်ပုံငွေမှာ သဘာဝပတ်ဝန်းကျင်ကဏ္ဍအတွက် ယခင်က သတ်မှတ်ခွဲဝေ ပေးထားသည့် ဘတ်ဂျက်အပြင် ထပ်မံဖြည့်စွက်ပေး သည့် ရန်ပုံငွေဖြစ်ကြောင်း  ၎င်းက  ဆက်လက် ပြောကြားသည်။   အဆိုပါရန်ပုံငွေဖြင့်   သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် ယင်းနယ်မြေများရှိ တောရိုင်းတိရစ္ဆာန်များကို စီမံခန့်ခွဲထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေ သနလုပ်ငန်းများ၊ အများပြည်သူအသိပညာပေး အစီအစဉ်များ၊ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းများက ဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းများအပါအဝင် အစီအစဉ်အမျိုးမျိုးကို ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။             

ဆင်ဟွာ

No comments

Powered by Blogger.