သီရိလင်္ကာနိုင်ငံ၌ အယ်လ်နီညိုရာသီဥတု သက်ရောက်မှုရှိနိုင်သော်လည်း ရေကိုချွေတာသုံးစွဲရန် လယ်သမားများအား တိုက်တွန်း



ဇွန် ၁၂

သီရိလင်္ကာနိုင်ငံတွင် အယ်လ်နီညိုရာသီဥတု၏သက်ရောက်မှုအတွက် ပြင်ဆင်နေချိန်တွင် စိုက်ပျိုးရေးဌာနက လယ်သမားများအား ရေကို ချွေတာသုံးစွဲရန် ယမန်နေ့ကတိုက်တွန်းခဲ့သည်။

စိုက်ပျိုးရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် သူရှာရာ ဝစ်ခရာမာရာချီက ကြိုတင်ကာကွယ်ရေးအစီအမံဖြင့် ရေတိုသီးနှံများကို စိုက်ပျိုးရန် လယ်သမားများအား အကြံပြုခဲ့သည်။

လယ်သမားများသည် ယာလာစိုက်ပျိုးရေးရာသီအတွင်း စိုက်ပျိုးမှုနှင့်ပတ်သက်၍ မလိုအပ်ဘဲ စိုးရိမ်ပူပန်မှုမဖြစ်သင့်ကြောင်းနှင့် ရေကိုဂရုတစိုက်စီမံခန့်ခွဲပြီး စိုက်ပျိုးရေးတာဝန်ရှိသူများ၏ လမ်းညွှန်ချက်များကို လိုက်နာသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုဌာနအနေဖြင့် အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ရာသီဥတုအခြေအနေများ ပြောင်းလဲပါက လယ်သမားများအား လိုအပ်သော အကြံဉာဏ်များ ပေးသွားမည်ဟု ဝစ်ခရာမာရာချီက ဆိုသည်။

အယ်လ်နီညိုဖြစ်ပေါ်ပါက ဇူလိုင်လနှင့် သြဂုတ်လတွင် မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် မိုးခေါင်ရေရှားမှုအခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း မိုးလေဝသဌာနမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးက လွန်ခဲ့သောသီတင်းပတ်က ပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.