ပေါက်ခေါင်းမြို့နယ်၌ ယင်လုံအိမ်သာ စီမံချက်ဆောင်ရွက်
ပေါက်ခေါင်း ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း ယင်လုံအိမ်သာစီမံချက်ဖြင့် ငါးခူအိုင်ကျေးရွာနှင့် ဉာဏ်တောကန်ကျေးရွာများတွင် ယင်လုံအိမ်သာများ လိုက်လံစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါးခူအိုင် ကျေးလက်ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ငါးခူအိုင်ကျေးရွာနှင့် ဉာဏ်တော ကန်ကျေးရွာတို့တွင် ယင်လုံအိမ်သာ ရာနှုန်းပြည့်စနစ်တကျ ဆောက်လုပ် အသုံးပြုကြရန် ပြည်သူလူထုအား ကျန်းမာရေးပညာပေးခြင်းနှင့် ယင်လုံ အိမ်သာများ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)

No comments